
General articles are free for 24 hours after publish.
တရားမဝင် အွန်လိုင်းဂိမ်းများ၊ IT နည်းပညာပိုမိုအသုံးပြုလာတဲ့ ကျားဖြန့်လုပ်ငန်းများကို ထိရောက်စွာ အရေးယူဖို့ လိုပါတယ်
နည်းပညာအသစ်အဆန်းတိုးတက်လာက လူ့အဖွဲ့အစည်းအတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးသလို တစ်ဖက်မှာလည်း အွန်လိုင်းရာဇဝတ်မှုအသစ်တွေကို ပေါ်ပေါက်စေပါတယ်။ မိုဘိုင်းဖုန်းကနေတစ်ဆင့် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေရဲ့ လှည့်ဖြားတဲ့ မက်ဆေ့ချ်တွေ၊ တရားမဝင်အွန်လိုင်း လောင်းကစားဂိမ်း ကစားဖို့ ကြော်ငြာတွေ၊ သွေးဆောင်မှုတွေကို ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။ နယ်စပ်ဒေသက ကျားဖြန့်လုပ်ကိုင်တဲ့ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတာ၊ ကျားဖြန့်လုပ်ငန်းမှာ ပါတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ကြပေမယ့် ကျားဖြန့်တွေရဲ့ လိမ်လည်ဖို့ကြိုးပမ်းမှုတွေက ရပ်တန့်သွားတာမရှိပါဘူး။ ကျားဖြန့်တွေက အရင်ကနဲ့ မတူတော့တဲ့ လိမ်လည်မှုအသစ်ကို လုပ်ဆောင်လာကြသလို AI အပါအဝင် IT နည်းပညာတွေကို ပိုမို အသုံးပြုလာပါတယ်။ အရင်က ကျားဖြန့်တွေက ပုဂ္ဂလိကဘဏ်တွေရဲ့ Pay တွေကို အဆင့်မြှင့်ပေးမယ်ဆိုကာ ကိုယ်ရေးအချက်အလက်ခိုးယူပြီး အ ကောင့်ထဲက ငွေကြေးကို လိမ်လည်ခဲ့တယ်။ ပြီးရင် “မင်းရဲ့ဖုန်းနံပါတ် က ဆုကြေးငွေ ရရှိထားတယ်။ဆုကြေးထုတ်မယ်ဆိုရင် ငွေအရင်လွှဲရမယ်ဆိုပြီး လိမ်လည်တာ၊ ဖုန်းထဲမှာ ဖုန်းဘေလ် ပမာဏ တစ်ခုရှိရမယ်ဆိုပြီး အဲဒီ ဖုန်းဘေလ်ကို လိမ်လည်လွှဲပြောင်း ရယူသွားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ အဲဒီနည်းလမ်းတွေထက် ပိုမိုအဆင့်မြင့်တဲ့ နည်းပညာအခြေပြုလှည့်ဖြားမှုတွေကို တွေ့လာရပါတယ်။ Viber၊ Telegram လို Application တွေကတစ်ဆင့် Link များပေးပို့တာ၊ Bot စနစ်တွေနဲ့ Message အမြောက်အမြား ဖြန့်ဝေတာနဲ့ အသုံးပြုသူရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ပစ်မှတ်သတ်မှတ်တာမျိုးကို လုပ်ဆောင်လာကြပါတယ်။ “ကျားဖြန့် Message တွေကို ပြန်ဆဲလိုက်လို့ ကိုယ့်ကိုကိုဟုတ်လှပြီထင်နေလား ? တစ်ဖက်မှာ ကိုယ်ဆဲတာကို ဖတ်နေပြီး စိတ်ဆိုးနေတဲ့သူတယောက်မှမရှိပါဘူး။ဒါပေမယ့်ကိုယ် Reply ပြန်လိုက်တဲ့ တစ်ချက်ကြောင့် ဒီဖုန်းနံပါတ်က Active ဖြစ်တယ်ဆိုတဲ့ Signal တစ်ခု သူတို့ System ဘက်မှာ ရသွားနိုင်တယ်။အခုတလော Viber, Telegram မှာ Scam Message တွေ Scam Link တွေ တော်တော်များများလိုက်ပို့နေကြတယ်။ပို့လာတဲ့ Account တွေကိုကြည့်ရင်လည်း +66, +1 စတဲ့ နိုင်ငံခြား Country Code တွေနဲ့ Account တွေအများဆုံးတွေ့ရတတ်တယ်။နိုင်ငံခြားဖုန်းနံပတ်နဲ့ Viber , Telegram အကောင့်တခုဖွင့်ဖို့ဆိုတာလည်း $1 , $2 လောက်ပေးလိုက်တာနဲ့ One-time OTP ဝယ်ပြီးဖွင့်လို့ရတဲ့ SMS Verification Service တွေ အများကြီးရှိတာကြောင့် Country Code တစ်ခုတည်းနဲ့ Account ပိုင်ရှင်ရဲ့ တကယ့် Location ဒါမှမဟုတ် Identity ကို အတည်ပြုလို့မရပါဘူး။နောက်ပြီး ဒီလို Message တွေအားလုံးကို လူတွေက ဖုန်းတစ်လုံးစီကိုင်ပြီး တစ်ယောက်ချင်း လိုက်ပို့နေတာလုံးဝမဟုတ်ဘဲနောက်ကွယ်မှာ Automation, Bot System တွေအများကြီးထားပြီး အလုပ်လုပ်ထားလို့ရပါတယ်” IT နည်းပညာကျွမ်းကျင်သူ ကိုရာဇာမင်းခန့်က သူ့ရဲ့Facebook မှာ သတိပေးရေးသားထားပါတယ်။ ကျားဖြန့်တွေလိုပဲ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းတွေကလည်း အခြေခံပြည်သူတွေအထိ ပျံ့နှံ့နေပြီး အွန်လိုင်းလောင်း ကစားဂိမ်းဆော့ရာမှာ ကျပ် သိန်း ဆယ်ဂဏန်းကနေ ကျပ်သိန်း ထောင်ဂဏန်း၊သောင်းဂဏန်းအထိ ရှုံးနိမ့်သွားသူတွေလည်း ရှိနေပါတယ်။ ပိုပြီး ဆိုးတာက အွန်လိုင်းဂိမ်း ရှုံးကြွေး မဆပ်နိုင်လို့ မိမိကိုယ်ကိုယ် အဆုံးစီရင်တာတွေအထိပါ ဖြစ်နေတယ်ဆိုပြီး ကြားသိနေရပါတယ်။ စလော့ဂိမ်းအများစုဟာ ပြည်ပမှာ အခြေစိုက်တာဖြစ်ပြီး ပြည်တွင်းကနေ ကုမ္ပဏီအဖြစ် ပြန်လည်ဝယ်ယူတာဖြစ်ပါတယ်။ စလော့ဂိမ်းအများစုဟာ Programming ဆွဲတဲ့ Systematically အရ ဒိုင်ကအရှုံးမရှိဘဲ ဆော့ကစားသူကသာ ရှုံးတဲ့ တစ်ဖက်သတ် လောင်းကစား ဂိမ်းပဲဖြစ်ပါတယ်။ “ ဒီနိုင်ငံမှာလက်ရှိလုပ်နေတဲ့စလော့ဂိမ်းတွေက နိုင်ငံခြားမှာ အခြေစိုက်တဲ့ ဂိမ်းတွေကို ပြန်ဝယ်ရတယ်။ ကုမ္ပဏီတွေရှိတယ်။ ဂိမ်းကုမ္ပဏီတွေပေါ့။ Pragmatic Play တို့။ အဲဒီဂိမ်းကုမ္ပဏီတွေအောက်မှာ ဂိမ်းအမျိုးအစားတွေအများကြီးထည့်ပေးထားတာ။ ကျွဲတွေဘာတွေဆိုတာလည်း အဲဒီအောက်မှာသွားတဲ့ဟာတွေပေါ့။ တခြားကုမ္ပဏီတွေလည်းရှိတယ်။ သူတို့ကို ရာခိုင်နှုန်း ပေးရတယ်။ သူတို့ကလည်း ဘာလုပ်ပေးလည်းဆိုရင် ပေးတဲ့နှုန်းတွေဘာတွေချိန်ပေးတယ်။ လူစိတ်ဝင်စားမယ့် ဂိမ်းသစ်တွေ ထွက်တယ်။ သူတို့ဂိမ်းကိုလူများများဆော့အောင်လုပ်ပေးတယ်။ သူတို့ဂိမ်းကိုလူများများဆော့လေ ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းပေးရတာပေါ့လေ။ ကျားဖြန့်နဲ့တော့ မတူဘူး။ စလော့က Systematically အရ ပိုက်ဆံယူတာ။ သူ့မှာ ဒိုင်က အမြတ်ရှိပြီးသား။ ရှုံးစရာမရှိဘူး” လို့ IT ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ ဒီလိုနစ်နာမှု တွေဖြစ်နေတဲ့ ကျားဖြန့်နဲ့ အွန်လိုင်းဂိမ်းတွေမှာ IT နည်းပညာက အသက်သွေးကြောဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့ မရပါဘူး။ Server Administration၊ Web Development၊ Database Management၊ Network Engineering နဲ့ Telecommunications စတဲ့နယ်ပယ်တွေက ကျွမ်းကျင်သူတွေမပါဝင်ဘဲ ဒီလုပ်ငန်းတွေကို အချိန်ကြာမြင့်စွာ လည်ပတ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ IT ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ လက်ရှိမှာ နယ်စပ်ဒေသတွေမှာ IT အလုပ်အကိုင်တွေအတွက် မြင့်မားတဲ့ လစာနှုန်းထားတွေနဲ့ အလုပ်ခေါ်စာတွေကို လူမှုကွန်ရက်မီဒီယာတွေမှာ မြင်တွေ့ရပြီး ဒီလို မက်လုံးပေးခေါ်ယူမှုတွေကြောင့် IT ဝန်ထမ်းတချို့ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ “အခုအချိန်မှာ ပြည်တွင်းမှာ IT ကျွမ်းကျင်ဝန်ထမ်းရှားပါးနေတယ်။ IT ကျွမ်းကျင်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းလောက်က ပြည်ပကို ထွက်သွားတာ များတယ်။ ကျွန်တော့်အသိထဲက IT သမားတွေကတော့ ထိုင်းဘက်က ကုမ္ပဏီတွေမှာ လုပ်ကြတာ။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ တွေ့တဲ့နယ်စပ်မှာ လုပ်ရမယ်ဆိုတဲ့ IT နည်းပညာအလုပ်ခေါ်စာတွေမှာဆိုရင် လစာက ပြည်တွင်းမှာလုပ်တာထက် ပိုများတယ်။ သူတို့က လစာ သိန်း ၅၀ လောက် ပေးခေါ်တော့ တချို့ ပြည်တွင်း IT ဝန်ထမ်းတွေလည်း သွားလုပ်တာမျိုး ရှိနိုင်တယ်” လို့ IT ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။ ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို AI၊ Bot စတဲ့ IT နည်းပညာတွေကို ပိုမိုအသုံးပြုလာတာကြောင့် ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို အမြစ်ပြတ်နှိမ်နင်းဖို့ဆိုရင် မြေပြင်ရှိ လုပ်ငန်းလည်ပတ်သူများကို ဖမ်းဆီးရုံဖြင့် မလုံလောက် တော့ပါဘူး။ သူတို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ "နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေမှုများ" ကို ဖြတ်တောက်နိုင်ဖို့ အရေးကြီးပါတယ်။ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေ၊ နည်းပညာပိုင်းဆိုင်ရာနဲ့ အခြေခံအဆောက်အအုံတွေကိုပါ ဖော်ထုတ် ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ကိုင်သူတွေကို အရင်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ လောင်း ကစားဥပဒေနဲ့ ဖမ်းဆီးအရေးယူခဲ့ပြီး လက်ရှိမှာတော့ အနည်းဆုံး ထောင်ဒဏ် ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေတို့နဲ့ ဖမ်းဆီးအရေးယူမှုတွေရှိနေတယ်လို့ သိရပါတယ်။ “အရင်က လောင်းကစားဥပဒေနဲ့ အရေးယူတယ်။ အခုတော့ အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်တယ်။ ဟိုရက်ကမိတဲ့ Online လောင်ကစားလုပ်တဲ့သူဆိုရင် အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖွင့်ထားတာ။ အွန်လိုင်းလောင်းကစားဂိမ်းလုပ်တဲ့သူတွေကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးနိုင်တာတွေရှိသလို စုံစမ်းဖော်ထုတ်မှုတွေ အရလည်း ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါ့အပြင် အချင်းချင်း မနာလိုတဲ့ တိုင်ကြားချက်တွေလည်း ရှိတယ်” ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားပါတယ်။ ဒီဥပဒေစတင်အသက်ဝင်ပြီဆိုရင် အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်သူတွေက ပြစ်မှုအလိုက် အနည်းဆုံးထောင်ဒဏ် တစ်နှစ်၊အများဆုံးထောင်ဒဏ် တစ်သက် ဒါမှမဟုတ် ပြစ်ကျူးလွန်ရာမှာ လူသေဆုံးမှုရှိခဲ့ရင် သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။ “ဒီဥပဒေစတင်အသက်ဝင်ပြီဆိုရင်တော့ ကျားဖြန့်ဖြစ်ဖြစ်၊ အွန်လိုင်းဂိမ်းစ်တွေဖြစ်ဖြစ် အွန်လိုင်းကနေ လုပ်တာဆိုရင် ဒီဥပဒေနဲ့ အရေးယူခံနိုင်တယ်” လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းဦးက ပြောကြား ပါတယ်။ ကျားဖြန့်ပဲ ဖြစ်ဖြစ်၊ အွန်လိုင်းလောင်းကစားဂိမ်းတွေဖြစ်ဖြစ် နစ်နာသွားတဲ့သူတွေကတော့ ပြည်သူတွေရဲ့ ဘဝနဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းတွေမှာ ပါဝင်နေသူတွေကို တာဝန်ရှိသူတွေက နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာအရေးယူသွားရမှာ ဖြစ်ပါတ
နည်းပညာအသစ်အဆန်းတိုးတက်လာက လူ့အဖွဲ့အစည်းအတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးသလို တစ်ဖက်မှာလည်း အွန်လိုင်းရာဇဝတ်မှုအသစ်တွေကို ပေါ်ပေါက်စေပါတယ်။
မိုဘိုင်းဖုန်းကနေတစ်ဆင့် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေရဲ့ လှည့်ဖြားတဲ့ မက်ဆေ့ချ်တွေ၊ တရားမဝင်အွန်လိုင်း လောင်းကစားဂိမ်း ကစားဖို့ ကြော်ငြာတွေ၊ သွေးဆောင်မှုတွေကို ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။
နယ်စပ်ဒေသက ကျားဖြန့်လုပ်ကိုင်တဲ့ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတာ၊ ကျားဖြန့်လုပ်ငန်းမှာ ပါတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ကြပေမယ့် ကျားဖြန့်တွေရဲ့ လိမ်လည်ဖို့ကြိုးပမ်းမှုတွေက ရပ်တန့်သွားတာမရှိပါဘူး။
ကျားဖြန့်တွေက အရင်ကနဲ့ မတူတော့တဲ့ လိမ်လည်မှုအသစ်ကို လုပ်ဆောင်လာကြသလို AI အပါအဝင် IT နည်းပညာတွေကို ပိုမို အသုံးပြုလာပါတယ်။
အရင်က ကျားဖြန့်တွေက ပုဂ္ဂလိကဘဏ်တွေရဲ့ Pay တွေကို အဆင့်မြှင့်ပေးမယ်ဆိုကာ ကိုယ်ရေးအချက်အလက်ခိုးယူပြီး အ ကောင့်ထဲက ငွေကြေးကို လိမ်လည်ခဲ့တယ်။
ပြီးရင် “မင်းရဲ့ဖုန်းနံပါတ် က ဆုကြေးငွေ ရရှိထားတယ်။ဆုကြေးထုတ်မယ်ဆိုရင် ငွေအရင်လွှဲရမယ်ဆိုပြီး လိမ်လည်တာ၊ ဖုန်းထဲမှာ ဖုန်းဘေလ် ပမာဏ တစ်ခုရှိရမယ်ဆိုပြီး အဲဒီ ဖုန်းဘေလ်ကို လိမ်လည်လွှဲပြောင်း ရယူသွားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အခုတော့ အဲဒီနည်းလမ်းတွေထက် ပိုမိုအဆင့်မြင့်တဲ့ နည်းပညာအခြေပြုလှည့်ဖြားမှုတွေကို တွေ့လာရပါတယ်။ Viber၊ Telegram လို Application တွေကတစ်ဆင့် Link များပေးပို့တာ၊ Bot စနစ်တွေနဲ့ Message အမြောက်အမြား ဖြန့်ဝေတာနဲ့ အသုံးပြုသူရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ပစ်မှတ်သတ်မှတ်တာမျိုးကို လုပ်ဆောင်လာကြပါတယ်။
“ကျားဖြန့် Message တွေကို ပြန်ဆဲလိုက်လို့ ကိုယ့်ကိုကိုဟုတ်လှပြီထင်နေလား ?
တစ်ဖက်မှာ ကိုယ်ဆဲတာကို ဖတ်နေပြီး စိတ်ဆိုးနေတဲ့သူတယောက်မှမရှိပါဘူး။ဒါပေမယ့်ကိုယ် Reply ပြန်လိုက်တဲ့ တစ်ချက်ကြောင့် ဒီဖုန်းနံပါတ်က Active ဖြစ်တယ်ဆိုတဲ့ Signal တစ်ခု သူတို့ System ဘက်မှာ ရသွားနိုင်တယ်။အခုတလော Viber, Telegram မှာ Scam Message တွေ Scam Link တွေ တော်တော်များများလိုက်ပို့နေကြတယ်။ပို့လာတဲ့ Account တွေကိုကြည့်ရင်လည်း +66, +1 စတဲ့ နိုင်ငံခြား Country Code တွေနဲ့ Account တွေအများဆုံးတွေ့ရတတ်တယ်။နိုင်ငံခြားဖုန်းနံပတ်နဲ့ Viber , Telegram အကောင့်တခုဖွင့်ဖို့ဆိုတာလည်း $1 , $2 လောက်ပေးလိုက်တာနဲ့ One-time OTP ဝယ်ပြီးဖွင့်လို့ရတဲ့ SMS Verification Service တွေ အများကြီးရှိတာကြောင့် Country Code တစ်ခုတည်းနဲ့ Account ပိုင်ရှင်ရဲ့ တကယ့် Location ဒါမှမဟုတ် Identity ကို အတည်ပြုလို့မရပါဘူး။နောက်ပြီး ဒီလို Message တွေအားလုံးကို လူတွေက ဖုန်းတစ်လုံးစီကိုင်ပြီး တစ်ယောက်ချင်း လိုက်ပို့နေတာလုံးဝမဟုတ်ဘဲနောက်ကွယ်မှာ Automation, Bot System တွေအများကြီးထားပြီး အလုပ်လုပ်ထားလို့ရပါတယ်” IT နည်းပညာကျွမ်းကျင်သူ ကိုရာဇာမင်းခန့်က သူ့ရဲ့Facebook မှာ သတိပေးရေးသားထားပါတယ်။
ကျားဖြန့်တွေလိုပဲ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းတွေကလည်း အခြေခံပြည်သူတွေအထိ ပျံ့နှံ့နေပြီး အွန်လိုင်းလောင်း ကစားဂိမ်းဆော့ရာမှာ ကျပ် သိန်း ဆယ်ဂဏန်းကနေ ကျပ်သိန်း ထောင်ဂဏန်း၊သောင်းဂဏန်းအထိ ရှုံးနိမ့်သွားသူတွေလည်း ရှိနေပါတယ်။
ပိုပြီး ဆိုးတာက အွန်လိုင်းဂိမ်း ရှုံးကြွေး မဆပ်နိုင်လို့ မိမိကိုယ်ကိုယ် အဆုံးစီရင်တာတွေအထိပါ ဖြစ်နေတယ်ဆိုပြီး ကြားသိနေရပါတယ်။
စလော့ဂိမ်းအများစုဟာ ပြည်ပမှာ အခြေစိုက်တာဖြစ်ပြီး ပြည်တွင်းကနေ ကုမ္ပဏီအဖြစ် ပြန်လည်ဝယ်ယူတာဖြစ်ပါတယ်။
စလော့ဂိမ်းအများစုဟာ Programming ဆွဲတဲ့ Systematically အရ ဒိုင်ကအရှုံးမရှိဘဲ ဆော့ကစားသူကသာ ရှုံးတဲ့ တစ်ဖက်သတ် လောင်းကစား ဂိမ်းပဲဖြစ်ပါတယ်။
“ ဒီနိုင်ငံမှာလက်ရှိလုပ်နေတဲ့စလော့ဂိမ်းတွေက နိုင်ငံခြားမှာ အခြေစိုက်တဲ့ ဂိမ်းတွေကို ပြန်ဝယ်ရတယ်။ ကုမ္ပဏီတွေရှိတယ်။ ဂိမ်းကုမ္ပဏီတွေပေါ့။ Pragmatic Play တို့။ အဲဒီဂိမ်းကုမ္ပဏီတွေအောက်မှာ ဂိမ်းအမျိုးအစားတွေအများကြီးထည့်ပေးထားတာ။ ကျွဲတွေဘာတွေဆိုတာလည်း အဲဒီအောက်မှာသွားတဲ့ဟာတွေပေါ့။ တခြားကုမ္ပဏီတွေလည်းရှိတယ်။ သူတို့ကို ရာခိုင်နှုန်း ပေးရတယ်။ သူတို့ကလည်း ဘာလုပ်ပေးလည်းဆိုရင် ပေးတဲ့နှုန်းတွေဘာတွေချိန်ပေးတယ်။ လူစိတ်ဝင်စားမယ့် ဂိမ်းသစ်တွေ ထွက်တယ်။ သူတို့ဂိမ်းကိုလူများများဆော့အောင်လုပ်ပေးတယ်။ သူတို့ဂိမ်းကိုလူများများဆော့လေ ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းပေးရတာပေါ့လေ။ ကျားဖြန့်နဲ့တော့ မတူဘူး။ စလော့က Systematically အရ ပိုက်ဆံယူတာ။ သူ့မှာ ဒိုင်က အမြတ်ရှိပြီးသား။ ရှုံးစရာမရှိဘူး” လို့ IT ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။
ဒီလိုနစ်နာမှု တွေဖြစ်နေတဲ့ ကျားဖြန့်နဲ့ အွန်လိုင်းဂိမ်းတွေမှာ IT နည်းပညာက အသက်သွေးကြောဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့ မရပါဘူး။
Server Administration၊ Web Development၊ Database Management၊ Network Engineering နဲ့ Telecommunications စတဲ့နယ်ပယ်တွေက ကျွမ်းကျင်သူတွေမပါဝင်ဘဲ ဒီလုပ်ငန်းတွေကို အချိန်ကြာမြင့်စွာ လည်ပတ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ IT ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
လက်ရှိမှာ နယ်စပ်ဒေသတွေမှာ IT အလုပ်အကိုင်တွေအတွက် မြင့်မားတဲ့ လစာနှုန်းထားတွေနဲ့ အလုပ်ခေါ်စာတွေကို လူမှုကွန်ရက်မီဒီယာတွေမှာ မြင်တွေ့ရပြီး ဒီလို မက်လုံးပေးခေါ်ယူမှုတွေကြောင့် IT ဝန်ထမ်းတချို့ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
“အခုအချိန်မှာ ပြည်တွင်းမှာ IT ကျွမ်းကျင်ဝန်ထမ်းရှားပါးနေတယ်။ IT ကျွမ်းကျင်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းလောက်က ပြည်ပကို ထွက်သွားတာ များတယ်။ ကျွန်တော့်အသိထဲက IT သမားတွေကတော့ ထိုင်းဘက်က ကုမ္ပဏီတွေမှာ လုပ်ကြတာ။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ တွေ့တဲ့နယ်စပ်မှာ လုပ်ရမယ်ဆိုတဲ့ IT နည်းပညာအလုပ်ခေါ်စာတွေမှာဆိုရင် လစာက ပြည်တွင်းမှာလုပ်တာထက် ပိုများတယ်။ သူတို့က လစာ သိန်း ၅၀ လောက် ပေးခေါ်တော့ တချို့ ပြည်တွင်း IT ဝန်ထမ်းတွေလည်း သွားလုပ်တာမျိုး ရှိနိုင်တယ်” လို့ IT ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။
ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို AI၊ Bot စတဲ့ IT နည်းပညာတွေကို ပိုမိုအသုံးပြုလာတာကြောင့် ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို အမြစ်ပြတ်နှိမ်နင်းဖို့ဆိုရင် မြေပြင်ရှိ လုပ်ငန်းလည်ပတ်သူများကို ဖမ်းဆီးရုံဖြင့် မလုံလောက် တော့ပါဘူး။ သူတို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ "နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေမှုများ" ကို ဖြတ်တောက်နိုင်ဖို့ အရေးကြီးပါတယ်။ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေ၊ နည်းပညာပိုင်းဆိုင်ရာနဲ့ အခြေခံအဆောက်အအုံတွေကိုပါ ဖော်ထုတ် ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ကိုင်သူတွေကို အရင်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ လောင်း ကစားဥပဒေနဲ့ ဖမ်းဆီးအရေးယူခဲ့ပြီး လက်ရှိမှာတော့ အနည်းဆုံး ထောင်ဒဏ် ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေတို့နဲ့ ဖမ်းဆီးအရေးယူမှုတွေရှိနေတယ်လို့ သိရပါတယ်။
“အရင်က လောင်းကစားဥပဒေနဲ့ အရေးယူတယ်။ အခုတော့ အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်တယ်။ ဟိုရက်ကမိတဲ့ Online လောင်ကစားလုပ်တဲ့သူဆိုရင် အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖွင့်ထားတာ။ အွန်လိုင်းလောင်းကစားဂိမ်းလုပ်တဲ့သူတွေကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးနိုင်တာတွေရှိသလို စုံစမ်းဖော်ထုတ်မှုတွေ အရလည်း ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါ့အပြင် အချင်းချင်း မနာလိုတဲ့ တိုင်ကြားချက်တွေလည်း ရှိတယ်” ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားပါတယ်။ ဒီဥပဒေစတင်အသက်ဝင်ပြီဆိုရင် အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်သူတွေက ပြစ်မှုအလိုက် အနည်းဆုံးထောင်ဒဏ် တစ်နှစ်၊အများဆုံးထောင်ဒဏ် တစ်သက် ဒါမှမဟုတ် ပြစ်ကျူးလွန်ရာမှာ လူသေဆုံးမှုရှိခဲ့ရင် သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။
“ဒီဥပဒေစတင်အသက်ဝင်ပြီဆိုရင်တော့ ကျားဖြန့်ဖြစ်ဖြစ်၊ အွန်လိုင်းဂိမ်းစ်တွေဖြစ်ဖြစ် အွန်လိုင်းကနေ လုပ်တာဆိုရင် ဒီဥပဒေနဲ့ အရေးယူခံနိုင်တယ်” လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းဦးက ပြောကြား ပါတယ်။
ကျားဖြန့်ပဲ ဖြစ်ဖြစ်၊ အွန်လိုင်းလောင်းကစားဂိမ်းတွေဖြစ်ဖြစ် နစ်နာသွားတဲ့သူတွေကတော့ ပြည်သူတွေရဲ့ ဘဝနဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းတွေမှာ ပါဝင်နေသူတွေကို တာဝန်ရှိသူတွေက နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာအရေးယူသွားရမှာ ဖြစ်ပါတ
Original source
Eleven Media